ကမ္ဘာ့ချန်ပီယံကို အချိန်ပို ကစားခိုင်းသွားတဲ့ ကိပ်ဗာဒီ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, July 4, 2026

ကမ္ဘာ့ချန်ပီယံကို အချိန်ပို ကစားခိုင်းသွားတဲ့ ကိပ်ဗာဒီ



ဒီနေ့ မနက်ပိုင်း ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ ကိပ်ဗာဒီအသင်းတို့ရဲ့ ပွဲမှာတော့ အာဂျင်တီးနားအသင်းက အချိန်ပို သွင်းဂိုးတွေနဲ့အတူ ၃-၂ နဲ့အနိုင်ယူပြီး နောက်တစ်ဆင့် တက်သွားခဲ့ပါတယ်။
.
အာဂျင်တီးနားလို အသင်းမျိုးနဲ့ ကိပ်ဗာဒီ တွေ့နေရတာမို့ ဂိုးပြတ် ရှုံးသွားလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပေမယ့်လည်း တကယ်တမ်း ကစားချိန်မှာတော့ အာဂျင်တီးနားက ကစားကွက်လည်း မယ်မယ်ရရ မရှိ၊ လွတ်တဲ့သူ ဘောလုံး ပေးနေတဲ့ပုံစံနဲ့ ကစားသွားခဲ့ပြီး ကိပ်ဗာဒီက တန်ပြန် တိုက်စစ်တွေကနေ အပြန်အလှန် ဂိုးသွင်းခွင့်တွေ ဖန်တီးသွားနိုင်ခဲ့တာပါ။
.
ပွဲချိန် ၂၉ မိနစ်မှာတင် မက်ဆီက မာတီနက်ဇ်ရဲ့ ပေးပို့မှုက တစ်ဆင့် အသာ ထိန်းပြီး ပိတ်သွင်းခဲ့လို့ အာဂျင်တီးနားတို့ ဦးဆောင်ဂိုး ရခဲ့တာပါ။ အဲဒီဂိုး ရပြီးတဲ့နောက် အာဂျင်တီးနားရဲ့ ကစားပုံက ပျင်းစရာကြီး ဖြစ်သွားပြီး ဘောလုံး ပိုင်ဆိုင်မှု အသာ ရတယ်ဆိုရုံ ကစားနေခဲ့လို့ ပွဲက အေးစက်နေခဲ့တာပါ။
.
ဒုတိယပိုင်း ၅၉ မိနစ်မှာတော့ ကိပ်ဗာဒီအသင်း ချေပဂိုး ရသွားခဲ့ပြီး ဒူအာတေးက သွင်းပေးခဲ့တာပါ။ ချေပဂိုး ပေးလိုက်ရပြီးတဲ့ နောက်မှာမှ အာဂျင်တီးနားက ပြန်ဖိ ကစားလာခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် ကိပ်ဗာဒီ ဂိုးသမား ဗိုဇင်ဟာ ကောင်းလွန်းနေတာကြောင့် ဦးဆောင်ဂိုး ထပ်ရဖို့ ခက်နေခဲ့တာပါ။
မက်ဆီကလည်း သူဟာ လူသားတစ်ယောက် ဖြစ်တဲ့အကြောင်း ပြသသွားတဲ့ အနေနဲ့ ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့တဲ့ အလုံးကို ဝင်အောင် မကန်နိုင်ခဲ့ပါဘူး။

.
ဒီပွဲမှာ မက်ဆီက ဂိုးပေါက်တည့်တဲ့ ကန်သွင်းချက် ၆ ကြိမ်အထိ ရခဲ့ပြီး အဲဒီထဲကနေ ၅ ကြိမ်ကို ဗိုဇင်ဟာ ကာကွယ်နိုင်ခဲ့သလို မက်ဆီရဲ့ အလစ်အငိုက် ပြစ်ဒဏ်ဘော ကန်ချက်ကိုလည်း အသက်အရွယ်နဲ့ မလိုက် ကာကွယ်ပြသွားခဲ့တာပါ။
.
ပွဲချိန် မိနစ် ၉၀ အတွင်း အာဂျင်တီးနားတို့ ဂိုး ထပ်မသွင်းနိုင်တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး ၉၂ မိနစ်မှာပဲ နောက်ခံလူ မာတီနက်ဇ်က ထောင့်ကန်ဘောကနေ ကျလာခဲ့တဲ့ ဘောလုံးကို အပြင်း ကန်သွင်းခဲ့လို့ အာဂျင်တီးနားတို့ ဦးဆောင်ခွင့် ထပ်ရခဲ့ပါတယ်။

.
ဒါပေမယ့် ပွဲချိန် ၁၀၃ မိနစ်မှာ ကိပ်ဗာဒီက ချေပဂိုး ထပ်ရသွားခဲ့ပြီး ကာဘရယ်က လှပတဲ့ ထောင့်ဖြတ် ကန်ချက်နဲ့ ဒုတိယမြောက် ချေပဂိုး သွင်းပေးခဲ့တာပါ။
.
ပွဲချိန် ၁၁၁ မိနစ်မှာတော့ အာဂျင်တီးနားတို့ ရခဲ့တဲ့ ထောင့်ကန်ဘောကနေ ကိတ်ဗာဒီ နောက်ခံလူ ဘောဂက်စ်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့လို့ အာဂျင်တီးနားက ပွဲအပြီးမှ ၃-၂ ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။ ပွဲပြီးခါနီးမှာ ဆီမီဒို၊ ကာဘရယ်နဲ့ ဘန်ချီမော တို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင် ဖြစ်ခဲ့ရပြီး ကိပ်ဗာဒီ တို့ ပင်နယ်တီ အဆုံးအဖြတ် ကန်ခွင့် မရခဲ့တာပါ။
.
ကိပ်ဗာဒီ ကို လွယ်လွယ်လေး နိုင်မယ်ထင်ခဲ့ကြတဲ့ အာဂျင်တီးနား ပရိသတ်တွေအတွက်တော့ နှလုံးရောဂါ ရနိုင်တဲ့ ပွဲ တစ်ပွဲ ဖြစ်ခဲ့ပြီး ကိပ်ဗာဒီက မထင်မှတ်ထားတဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ အကောင်းဆုံး အရှုံးသမားအဖြစ် ဘောလုံးပရိသတ် အားလုံးရဲ့ ချီးကျူးမှုကို ရယူသွားခဲ့တာပါ။
.
ဒီပွဲ သွင်းဂိုးကြောင့် မက်ဆီကတော့ ကမ္ဘာ့ဖလားသွင်းဂိုး ၂၀ ရှိသွားခဲ့ပြီ ဖြစ်ပြီး အာဂျင်တီးနား အနေနဲ့ နောက်တစ်ဆင့်မှာ အီဂျစ်နဲ့ တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

.
#KBZTai #Shan #Sports #Football #WC2026

No comments:

Post a Comment

Pages