ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မဈေးအတွင်း၌ ဆိုင်ခန်းဖောက်ထွင်း ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
.
ပြီးခဲ့သည့် မေလအတွင်းက အောင်ပန်းမြို့မဈေး အတွင်းရှိ
ရွှေခဲကုန်စုံဆိုင် ဖောက်ထွင်းခံခဲ့ရပြီး အခြား ဆိုင်များတွင်လည်း ဖောက်ထွင်း ခိုးယူခံရမှုများ
မကြာခဏ ဖြစ်ပွားနေသည်ဟု ဈေးသူ/ဈေးသားများထံက သိရသည်။
.
“တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေချင်တာပါ။ လုံခြုံရေးကြေး
ကောက်ထားလား၊ ကောက်ထားရင် ဘယ်သူ့ကို ခန့်ထားလဲ။ ဒါတွေကို စည်ပင်အနေနဲ့
စိစစ်ပြီးတော့ နောက်နောင် ဒါမျိုး မဖြစ်အောင် တာဝန်ယူပေးစေ ချင်ပါတယ်။
ဈေးခေါင်းတွေကိုလည်း တိုင်ထားပါတယ်။ သူတို့ကတော့ တာဝန် ယူမပေးဘူး” ဟု အောင်ပန်း
မြို့မဈေးအတွင်း ဈေးရောင်းချနေသည့် ဈေးသည် တစ်ဦးက ပြောသည်။
.
အောင်ပန်းမြို့မဈေး ညလုံခြုံရေးအတွက် ယခင်က ဈေးသူ၊ ဈေးသားများထံ ငွေကြေးကောက်ခံ ညစောင့် ထားရှိခဲ့သော်လည်း ယခုအခါ အစောင့်
ထားရှိခြင်း မရှိကြောင်း ၎င်းထံ သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူ တစ်ဦးက “အခုလက်ရှိ လုံခြုံရေး
တစ်ဦး၊ နေ့စားဝန်ထမ်း တစ်ဦး၊ ၂ ဦး ရှိပါတယ်။ ညပိုင်းတော့ ရဲစခန်းလည်း
အကြောင်းကြားထားပါတယ်။ ကျွန်တော်တို့လည်း (လုံခြုံရေး ကင်း) ပတ်တယ်။ သူတို့ကိုလည်း
ကူညီပေးပါ ဆိုပြီး ပြောထားပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ထို့အပြင် ယခင်က ဈေး လုံခြုံရေးအတွက် ဈေးသူ/ဈေးသားများထံ ငွေကြေး ကောက်ခံခဲ့သော်လည်း
ဈေးကော်မတီ ဖျက်သိမ်းပြီးနောက် လုံခြုံရေးကြေး မကောက်ခံသည်မှာ တစ်နှစ်ခန့်ပင် ရှိပြီ ဖြစ်ပြီး လုံခြုံရေးအစောင့် ဝန်ထမ်း ခန့်ထားနိုင်ရန်
ရှာဖွေခဲ့သော်လည်း လုပ်ကိုင်လိုသူ မရှိကြောင်း ၎င်းထံက သိရသည်။
.
အောင်ပန်းမြို့သည်
မိတ္ထီလာ-သာစည်-ကလော-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး
ပေါ်တွင် တည်ရှိပြီး ရထားလမ်းဆုံ၊ ကားလမ်းဆုံမြို့ ဖြစ်သည့်အပြင်
ရှမ်းပြည်နယ်နှင့် မြန်မာပြည်မ အကြား ကုန်စည်စီးဆင်းမှု အားအကောင်းဆုံးနှင့်
အချက်အခြာအကျဆုံး စီးပွားရေးဗဟိုချက်မြို့ တစ်မြို့ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #AungBan
Saturday, July 4, 2026
Home
ရှမ်းတောင်
အောင်ပန်း
အောင်ပန်းမြို့မဈေးအတွင်း ဆိုင်ခန်း ဖောက်ထွင်း ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားနေ
အောင်ပန်းမြို့မဈေးအတွင်း ဆိုင်ခန်း ဖောက်ထွင်း ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားနေ
Tags
# ရှမ်းတောင်
# အောင်ပန်း
Share This
About Kanbawza Tai News
အောင်ပန်း
Tags
ရှမ်းတောင်,
အောင်ပန်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment