တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ နယ်မြေ(၂)၊ နဂါးပွက်ကျောင်းလမ်းနှင့် ခရေလမ်းထောင့်၊ မီးသတ်တိုက်ခန်း အမှတ် (၁)ရှိ ကုန်စုံဆိုင် တစ်ခုနေ အမျိုးသမီး တစ်ဦးထံမှ ဇွန်လ ၃ ရက် ညဦးပိုင်းက စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးခရိုင်ရဲတပ်ဖွဲ့
မှုခင်းနှိမ်နင်းရေးဌာနစိတ် မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ ဈေးပိုင်းရပ်ကွက်၊ မီးသတ်တိုက်ခန်း
အမှတ် (၁)ရှိ ကုန်စုံဆိုင်သို့ ဝင်ရောက် ရှာဖွေရာ ပိုင်ရှင်ဖြစ်သူ
သန္တာအေး (ခ) သင်းသင်းလွင် (ခ) အန်တီအေး ထိုင်နေသည့် ဈေးဆိုင်ကောင်တာပေါ်မှ
WY စာတမ်းပါ လိမ္မော်ရောင်ဆေးပြား ၄၀ ကို သိမ်းဆည်း ရမိခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် သန္တာအေး (ခ) သင်းသင်းလွင် (ခ) အန်တီအေး အား တောင်ကြီးမြို့မရဲစခန်းတွင် မူး/စိတ်ပုဒ်မ - ၁၉(က )ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:
Post a Comment