.
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄ ရက်
.
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၃၂ သင်းအဆင့် ပွဲစဉ်တွေ
ပြီးဆုံးသွားခဲ့တဲ့နောက် ၁၆ သင်းအဆင့်မှာ ထိပ်တိုက်တွေ့မယ့် အသင်းတွေ
ပေါ်ထွက်လာခဲ့ပါပြီ။
.
တွေ့ဆုံမှုတွေအရတော့
ကမ္ဘာ့ဖလားရဲ့လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့က ပွဲချောင် နေကြပြီး
ပေါ်တူဂီ၊ အင်္ဂလန်နဲ့ ဘရာဇီးတို့က ခက်ခဲတဲ့ စမ်းသပ်မှုတွေနဲ့
ရင်ဆိုင်ရဖို့ရှိနေပါတယ်။
.
မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားက ၁၆ သင်းအဆင့်မှာ
ဆာလက်ရဲ့ အီဂျစ်နဲ့ တွေ့ရမှာဖြစ်ပြီး အမ်ဘက်ပီရဲ့ ပြင်သစ်ကတော့ ပါရာဂွေးနဲ့
တွေ့ရမှာမို့ ကွာတားဖိုင်နယ်အဆင့်ဆီ လွယ်လွယ်လေး တက်လာနိုင်မယ့် အနေအထားပါ။
.
ကမ္ဘာ့ဖလား ပွဲစဉ်တစ်လျှောက်လုံး ရုန်းကန်နေရတဲ့
ရော်နယ်ဒိုရဲ့ ပေါ်တူဂီကတော့ ယာမယ်တို့ရဲ့ စပိန်နဲ့ ရင်ဆိုင်ရမှာမို့ အခက်ခဲဆုံး ပွဲစဉ်တစ်ပွဲ
ဖြစ်လာမှာပါ။ ဒါ့အပြင် အင်္ဂလန်ကလည်း
ကမ္ဘာ့ဖလားအိမ်ရှင် အသင်းတွေထဲမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့
မက္ကဆီကိုနဲ့ ရင်ဆိုင်ရမှာမို့ ပွဲကျပ်နေတယ်လို့ ပြောရမှာပါ။ အန်ဆယ်လော့တီကြီးရဲ့ ဘရာဇီးကတော့
ဟာလန်းတို့လူသိုက် ခြေစွမ်းပြနေတဲ့ နော်ဝေနဲ့ တွေ့ရမှာမို့ ထင်သလောက်တော့
လွယ်မယ့်ပုံ မပေါ်ပါဘူး။
.
၂၀၂၆ ကမ္ဘာ့ဖလားရဲ့အခြားသော
အိမ်ရှင်တွေဖြစ်ကြတဲ့ အမေရိကန်က ဒီဘရိုင်းတို့ရဲ့ ဘယ်လ်ဂျီယံနဲ့
တွေ့ရဖို့ရှိနေပြီး ကနေဒါကတော့ အာဖရိက အင်အားကြီးအသင်း မော်ရိုကို နဲ့
ရင်ဆိုင်ရမှာဖြစ်ပါတယ်။
.
ဒီနေ့မနက်ပိုင်းမှာ ဂါနာကို နိုင်ပြီး
နောက်တစ်ဆင့် တက်ခဲ့တဲ့ ကိုလံဘီယာကတော့ တိုက်စစ်အားကောင်း နေတဲ့ ဆွစ်ဇာလန်အသင်းနဲ့
ရင်ဆိုင်ရမှာဖြစ်ပါတယ်။
.
Source – 433
.

No comments:
Post a Comment