အီရန်နိုင်ငံ လာရက်ကျွန်းရှိ ဒုံးကျည်ပစ်လွှတ်စင် ၂ ခုကို အမေရိကန် တိုက်ခိုက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, August 31, 2026

အီရန်နိုင်ငံ လာရက်ကျွန်းရှိ ဒုံးကျည်ပစ်လွှတ်စင် ၂ ခုကို အမေရိကန် တိုက်ခိုက်

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

.

အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်နိုင်ငံ လာရက်ကျွန်းပေါ်က ဒုံးကျည်ပစ်လွှတ်စင် ၂ ခုကို တနင်္ဂနွေနေ့က  တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။

.

.

ဇူလိုင်လနှောင်းပိုင်းနောက်ပိုင်း အီရန်နိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့တွေက ပထမဆုံးအကြိမ် ပြန်လည် တိုက်ခိုက်တာ ဖြစ်ပါတယ်။ အမေရိကန်အရာရှိရဲ့ ပြောကြားချက်အရ လာရက်ကျွန်းမှာရှိတဲ့ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) တပ်ဖွဲ့ဝင်တွေဟာ ဟော်မုဇ်ရေလက်ကြား အတွင်း မိုင်းတွေ သယ်ဆောင်ပြီး ပစ်လွှတ်နိုင်မယ့် ဒုံးကျည်တွေကို ပြင်ဆင်နေတာ တွေ့ရှိခဲ့တာ ကြောင့် တိုက်ခိုက် ခဲ့လို့ သိရပါတယ်။

.

အီရန်ဘက်ကတော့ ဒီတိုက်ခိုက်မှုအပြီး ဂျော်ဒန်နိုင်ငံမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဒုံးကျည် တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်သတင်းရင်းမြစ်ကို ကိုးကားပြီး Fox News သတင်းထောက်က ပြောပါတယ်။

.

ပစ်ခတ်လာတဲ့ ဒုံးကျည်အများစုနီးပါးကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ သိသာထင်ရှား တဲ့ ထိခိုက်ပျက်စီးမှု မရှိသေးဘူးလို့လည်း ဆိုပါတယ်။

.

အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတချို့ သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ ပြောပြီး အမေရိကန်ကို ပြန်လည် တုံ့ပြန်မယ်လို့ ခြိမ်းခြောက် ထားပါတယ်။

.

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပြီးခဲ့တဲ့သီတင်းပတ်မှာ ဟော်မုဇ်ရေလက်ကြားရဲ့ နိုင်ငံတကာ ရေပိုင်နက်အတွင်းရှိ မိုင်းတွေကို ဖောက်ခွဲဖယ်ရှားပြီးပြီလို့ ပြောထားသလို အီရန်ဘက် က ရေလက်ကြား အတွင်း ပင်လယ်မိုင်းအသစ်တွေ ထပ်မံချထားမယ်ဆိုရင် အဲဒီမိုင်းတွေ ချထားတဲ့ သင်္ဘော ဒါမှမဟုတ် လှေတွေကို ဖျက်ဆီးပစ်မယ်လို့လည်း သမ္မတထရမ့်က သတိပေး ထားပါတယ်။

.

ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တာကြောင့် အဲဒီ ဒေသမှာ အမေရိကန်နဲ့ အီရန်တို့ကြား တင်းမာမှုအသစ် ပေါ်ပေါက်လာတာကို အနီးကပ်စောင့်ကြည့်နေကြ ပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages