.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်
.
ရှမ်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်
၆ ခုတွင် ယနေ့ ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
.
.ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင်
မုတ်သုံလေ အားကောင်းနေပြီး အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့်
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော
လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဖြစ်ပေါ်လာသည့် မိုးတိမ်တောင်များ
အားကောင်းနေခြင်းတို့ကြောင့် ယနေ့ နံနက်မှ စက်တင်ဘာ ၄ ရက် အတွင်း တိုင်းနှင့်
ပြည်နယ်အသီးသီးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး တိုင်းဒေသကြီးနှင့်
ပြည်နယ် ၆ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
.
အဆိုပါ ဒေသ ၆ ခုမှာ စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့်
ရှမ်းပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။
.
ကုန်းမြင့်ဒေသနှင့် မြစ်ချောင်းများအနီး နေထိုင်သူများအနေဖြင့်
မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊
မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင် သတိပြု ကြရန် မိုးဇေလက သတိပေးထားသည်။
.
“မိုးက အဆက်မပြတ်ရွာနေတော့ ကုန်းမြင့်၊ ကုန်းစောင်းမှာ
နေတဲ့သူတွေ သတိရှိရှိ နေထိုင်ကြဖို့ လိုပါတယ်။ ဒီလို မိုးက မတိတ်ရင် မြေပျော့ပြီး မြေပြိုတဲ့
အန္တရာယ်တွေ ရှိလာနိုင်ပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦး က ပြောသည်။
.
ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်ကလည်း မိုးအဆက်မပြတ်
ရွာသွန်းမှုကြောင့် တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ နယ်မြေ (၁၀) ရှိ
နေအိမ်တစ်လုံးတွင် အုတ်တံတိုင်းပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
.

No comments:
Post a Comment