.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်
.
ထိုင်းနိုင်ငံတွင်း ရာသီဥတု ပူပြင်းလာမှုနဲ့
ကြက်ဥထုတ်လုပ်မှု လျော့ကျလာမှုတွေ၊ တိရစ္ဆာန်အစာဈေး မြင့်တက် လာမှုတွေကြောင့်
ကြက်ဥဈေးက တစ်လုံးကို ၄ ဘတ်အထိ မြင့်တက်လာခဲ့ပြီး ၂ နှစ်အတွင်း အမြင့်ဆုံးဈေးကို
ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
.
.ရာသီဥတုအခြေအနေ ပြန်လည်ကောင်းမွန်မယ့်
အောက်တိုဘာမှာတော့ ဈေးပြန်ကျနိုင်တယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက
ခန့်မှန်းထားပါတယ်။
.
အန်ထောင်း၊ ချာချွန်းဆောင်၊ ချင်းမိုင်နဲ့
ချွန်ဘူရီခရိုင်တွေရဲ့ ကြက်ဥထုတ်လုပ်ရေးအသင်း ၄ ခုကနေ မွေးမြူရေး ခြံထွက်
ဈေးနှုန်းအသစ်ကို တစ်လုံးအတွက် ၄ ဘတ် သတ်မှတ်လိုက်တယ်လို့ ကြေညာသွားခဲ့တာပါ။ အဲဒီ မတိုင်ခင်ကတော့
ကြက်ဥဈေးက တစ်လုံးကို ၃ ဒသမ ၈ ဘတ် ဖြစ်ပြီး ဩဂုတ် ၇ ရက်က စလို့ ဈေးနှုန်းအသစ်နဲ့
ရောင်းချတော့မှာဖြစ်ပါတယ်။
.
ကြက်မွေးမြူရေးလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ
မာနို့ ချိုတပ်တင် က ကြက်ဥထုတ်လုပ်မှု လျော့ကျလာရတဲ့ အဓိက အကြောင်းရင်းဟာ
ရာသီဥတုကြောင့်ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။ အပူချိန်မြင့်တက်မှုနဲ့ မိုး ရွာသွန်းမှုတွေကြောင့်
ကြက်တွေရဲ့ ဥထုတ်လုပ်နိုင်စွမ်း လျော့ကျလာခဲ့ပြီး ရာသီဥတုအပြောင်းအလဲကို
ပိုခံစားလွယ်တဲ့ ကြက်မတွေကြောင့် ရောဂါတွေတိုးလာသလို ဥထုတ်လုပ်မှုလည်း
လျော့နည်းလာတာ ဖြစ်တယ်လို့ မာနို့က ဆိုပါတယ်။
.
ကြက်တွေ ရောဂါဖြစ်ပွားနှုန်း လျော့ကျစေဖို့အတွက်
မွေးမြူရေးသမားတွေအနေနဲ့ အာဟာရဖြည့်စွက်စာတွေ ကျွေးမွေးပေးနေရတာကြောင့်လည်း
စရိတ်ပိုမိုကုန်ကျနေတယ်လို့ သိရတာပါ။
.
ကြက်စာဈေးနှုန်းတွေက ၂၀၂၆ အစောပိုင်းမှာ
တစ်ကီလိုဂရမ်ကို ၁၃ ဘတ်ဝန်းကျင်သာရှိခဲ့ပေမဲ့ လက်ရှိ အချိန်မှာတော့ ၁၆ ဘတ်လောက်အထိ
မြင့်တက်လာနေတာမို့ ကြက်မွေးမြူရေးသမားတွေရဲ့ လုပ်ငန်း လည်ပတ်မှု စရိတ်လည်း
မြင့်တက်လာတဲ့အကြောင်း မာနို့ က ထပ်ပြောပါတယ်။
.
စားသောက်ဆိုင်အသင်း ဥက္ကဌ ချာနွန်
ကို့ချာရွန်ကတော့ ကြက်ဥဈေးနှုန်းတွေ မြင့်တက်လာခဲ့ရင်
စားသောက်ဆိုင်လုပ်ငန်းရှင်တွေအနေနဲ့ ဈေးပိုသက်သာပြီး အရွယ်အစားသေးတဲ့ ကြက်ဥတွေကို
ရွေးချယ် အသုံးပြုလာနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။
.
လမ်းဘေးအစားအစာအနေနဲ့ ရောင်းချလေ့ရှိတဲ့
ကြက်ဥကြော်တွေရဲ့ ဈေးနှုန်းကတော့ ဒီနေ့အထိ အပြောင်းအလဲမရှိသေးဘဲ တစ်လုံးကို ၁၀
ဘတ်ကနေ ၁၅ ဘတ်အထိ ရောင်းချနေကြဆဲဖြစ်ပါတယ်။
.
ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနကတော့ ဩဂုတ် ၁၃
ရက်ကနေ ၃၁ ရက်အထိ တစ်နိုင်ငံလုံးအတွက် ကြက်ဥ ၃ ဒသမ ၄၂ သန်းကို ဈေးကွက်ပေါက်ဈေးထက်
၁၀ ရာခိုင်နှုန်းလျော့ပြီး ရောင်းချပေးသွားမယ်လို့ ကြေညာထား ပါတယ်။
.
ဩဂုတ်လအတွင်းမှာ နေ့စဉ်ကြက်ဥထုတ်လုပ်မှုက
အလုံးရေ ၄၃ ဒသမ ၄ သန်းလောက်ရှိနိုင်ကြောင်း ဦးစီးဌာန က ခန့်မှန်းထားပြီး
ပုံမှန်ထုတ်လုပ်နိုင်မှုထက် ၃ ရာခိုင်နှုန်းလောက် လျော့နည်းသွားမယ်လို့လည်း
သုံးသပ် ထားပါတယ်။
.
မွေးမြူရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရတော့
ထိုင်းနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်းက တစ်ရက်ကို ကြက်ဥအလုံးရေ ၄၃ သန်းလောက်
ထုတ်နိုင်ခဲ့ပြီး ၉၇ ရာခိုင်နှုန်းကို ပြည်တွင်းစားသုံးမှုအတွက် အသုံးပြုခဲ့သလို
ကျန်ပမာဏကို ပြည်ပတင်ပို့မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment