ကလောင်သုမ် စင်တာ မီး ထပ်မံလောင်ကျွမ်း၊ အဆိပ်အတောက် ဖြစ်နိုင်သည့် မီးခိုးများကြောင့် စိုးရိမ်မှု မြင့်တက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, August 29, 2026

ကလောင်သုမ် စင်တာ မီး ထပ်မံလောင်ကျွမ်း၊ အဆိပ်အတောက် ဖြစ်နိုင်သည့် မီးခိုးများကြောင့် စိုးရိမ်မှု မြင့်တက်



ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကလောင်သုမ် စင်တာ မှာ မီး ထပ်လောင်ကျွမ်းပြီး မီးခိုးအမည်း၊ မီးခိုး မီးခိုးရောင်နဲ့ နီညိုရောင် မီးခိုး အများအပြား ထွက်ပေါ်လာတာကြောင့် အာဏာပိုင်တွေက အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ Khaosod သတင်းမှာ ဖော်ပြထားပါတယ်။

.

မီးခိုးတွေမှာ ဓာတုပစ္စည်းတွေ လောင်ကျွမ်းရာက ထွက်လာတဲ့ အဆိပ်အတောက်ဓာတ်ငွေ့တွေ ပါဝင်နိုင်တာကြောင့် ရှူရှိုက်မိပါက အန္တရာယ် ရှိနိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

.

ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ ဘန်ကောက်မြို့ Pom Prap Sattru Phai ခရိုင်၊ Worachak လမ်းပေါ်က ဈေးဝယ်စင်တာထဲကနေ မီးခိုးတွေ အများအပြား အဆက်မပြတ် ထွက်နေခဲ့တာပါ။

.

အခင်းဖြစ်နေရာကို ရောက်နေတဲ့ သတင်းအဖွဲ့ရဲ့ ပြောကြားချက်အရ အဆောက်အအုံအပေါ်ထပ်မှာ မီးတောက်တွေ မြင်တွေ့ရပြီး အဆောက်အအုံအလယ်ပိုင်းနဲ့ နောက်ဘက်ခြမ်းတွေကနေလည်း မီးလောင်ကျွမ်းနေတာ တွေ့ရပါတယ်။ ဒါကြောင့် အဆောက်အအုံအတွင်းမှာ မီးငြိမ်းမသွားသေး တဲ့နေရာတွေ ဒါမှမဟုတ် မီးပြန်လောင်နေတဲ့နေရာတွေ ရှိနေနိုင်တယ်လို့ ယူဆထားပါတယ်။

.

ကယ်ဆယ်ရေး အဖွဲ့တွေကတော့ အခုလို ပုံမှန်မဟုတ်တဲ့ မီးခိုးတွေ ထွက်လာတာဟာ ဓာတုပစ္စည်းတွေ မီးလောင်နေတာနဲ့ ဆက်စပ်နိုင်တယ်လို့ ပြောပါတယ်။ မီးခိုးထဲမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်ငွေ့တွေ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်တာကြောင့် မီးခိုးကို ရှူမိရင် ကျန်းမာရေးအန္တရာယ် ဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

.

အာဏာပိုင်တွေကလည်း အခင်းဖြစ်နေရာမှာ ဆက်ရှိနေပြီး အခြေအနေကို စောင့်ကြည့်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြသလို  အခုလို မီးခိုးတွေ ပြန်လည်ထွက်ပေါ်လာရတဲ့ အကြောင်းရင်းနဲ့ ဘယ်လိုပစ္စည်းတွေ မီးလောင်နေတာလဲဆိုတာကိုတော့ လက်ရှိအချိန်အထိ အတိအကျ မသိရသေးပါဘူးလို့ ပြောပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်လက်စစ်ဆေးပြီးမှသာ အကြောင်းရင်းကို အတည်ပြုနိုင်မယ်လို့ သိရပါတယ်။

.

အီလက်ထရွန်နစ် ပစ္စည်းတွေ၊ ကားအသံစနစ်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ ကစားစရာတွေအပြင် အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ ရောင်းချတဲ့ နာမည်ကြီး ခလောင်သုမ် Center မှာ မနေ့သောကြာနေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့ကာ နာရီပေါင်းများစွာ မီးလောင်ပြီးနောက် အဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ပါတယ်။

.

Ref – khaosod

No comments:

Post a Comment

Pages