အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို သေဒဏ်ချမှတ်ခဲ့ကြောင်း SSPP ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, August 31, 2026

အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို သေဒဏ်ချမှတ်ခဲ့ကြောင်း SSPP ထုတ်ပြန်

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က သေဒဏ်ချမှတ်ခဲ့သည် ဟု SSPP က ယနေ့ ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

.

.

သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာနေ စိုင်းဆာစံ ဆိုသူသည် ၎င်း၏ ညီမဝမ်းကွဲ တော်စပ်သူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို ဇွန်လ ၁၄ ရက်က သီပေါမြို့နယ်၊ ဘော်ကြို ကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ကျေးရွာအနီးရှိ ငှက်ပျောစိုက်ခင်း တစ်ခုအတွင်း အဓမ္မပြုကျင့်ကာ သတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

မိန်းကလေးငယ် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ ၎င်း၏ မိဘများက ဇွန်လ ၂၅ ရက်နေ့တွင် SSPP ထံသို့ လာရောက်တိုင်ကြားခဲ့ရာ တိုင်ကြားချက်အရ ချက်ချင်းစုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူ စိုင်းဆာစံကို ယင်း နေ့တွင်ပင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို SSPP/SSA ဗဟို ဌာနချုပ် အထက်တရားရုံးတွင် စစ်ဆေးခဲ့ပြီးနောက် တရားရုံး၏ စီရင်ဆုံးဖြတ်ချက်အရ သေဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သေဒဏ်စီရင်ခြင်းကို ယမန်နေ့သြဂုတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းက SSPP ဗဟိုဌာနချုပ်တွင် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း SSPP/SSA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

.

Photo – SSPP Info

.

No comments:

Post a Comment

Pages